အခုတလော Hit ဖြစ်နေတဲ့ Son Dambi ရဲ့ Saturday Night ပါ။ လက်ရှိအချိန်မှာ Saturday Night ဟာ Mnet Countdown၊ KBS Music Bank(နှစ်ကြိမ်) နဲ့ SBS Inkigayo(နှစ်ကြိမ်) တို့မှာ ငါးကြိမ်တိတိ ပထမနေရာ ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Cry Eyes နဲ့ Crazy တို့ဟာလည်း Hit Songs တွေဖြစ်ခဲ့ပေမဲ့ Music Bank မှာတော့ ပထမနေရာမရခဲ့ဖူးပါဘူး။ ဒီ Stage ကတော့ MBC Music Core က Stage ပါ။ Son Dambi နဲ့ အတူ Music Core ရဲ့ MC တွေဖြစ်တဲ့ Tiffany(SNSD) နဲ့ Yuri(SNSD) တို့လည်း ပါဝင်အားဖြည့်ထားပါတယ်။
Sunday, April 26, 2009
Saturday Night's Music Core Stage
Labels: Girls' Generation, SNSD, Son Dambi, Tiffany, Yuri
Posted by Wai Lwin Zaw at 4:30 AM 0 comments
Monday, April 20, 2009
Tiffany Solo Performance
ဒါကတော့ SNSD's Tiffany ရဲ့ Solo Performance ပါ။ SNSD တွေကတော့ ဘယ်သူပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းနေတာပဲ။ :) Tiffany ကတော့ ပထမဆုံး Solo Stage ဖြစ်လို့ထင်တယ် နည်းနည်း စိတ်လှုပ်ရှားနေပုံပဲ။ ဒါပေမဲ့လည်း အကောင်းဆုံး သီဆိုသွားနိုင်တာကိုတွေ့ရပါတယ်။ Fany Fighting!
Credits: thicindy
Labels: Girls' Generation, SNSD, Tiffany
Posted by Wai Lwin Zaw at 4:50 AM 0 comments
Monday, March 30, 2009
A Girl Meets Love
ဒါကတော့ ရှေ့မှာတင်ခဲ့တဲ့ K.Will နဲ့ Tiffany ရဲ့ "A Girl Meets Love" ပါ။ MV ကတော့မထွက်သေးလို့ မတင်ပေးနိုင်သေးပါဘူး။
K.Will Feat Tiffany - A Girl Meets Love
Download
Labels: Girls' Generation, K.Will, SNSD, Tiffany
Posted by Wai Lwin Zaw at 9:50 PM 0 comments
Friday, March 27, 2009
Tiffany Duet With K.Will
Girls' Generation က "Gee" promotion နားတော့မယ်ဆိုတော့ Single တွေစတော့မယ်နဲ့တူတယ်။ ပထမဆုံး အဖွဲ့ခေါင်းဆောင် Tae Yeon က "Beethoven Virus" ရဲ့ O.S.T "Can You Hear Me" နဲ့ Single စဆိုခဲ့ပါတယ်။ (အဲဒီကားလည်း ကြည့်မယ် ကြည့်မယ်နဲ့ အခုထိမကြည့်ဖြစ်သေးဘူး။ အမှန်ကတော့ ကြည့်ချင်တဲ့ကားတွေကများနေတာ။ YoonA ရဲ့ "You Are My Destiny" လည်းကြည့်ချင်တယ်။ Tae Yeon ရဲ့ "We Got Married" လည်းကြည့်ချင်တယ်။ Kim So Eun ပါတဲ့ "Boys Over Flowers" နဲ့ "Empress Chun Chu" လည်းကြည့်ချင်သေးတာ။ :D) နောက်တော့ Tiffany က “Princess Ja Myung Go” ရဲ့ O.S.T "Alone" Single ဆိုပါတယ်။ ခုလည်း Tiffany က K.Will နဲ့တွဲပြီး Duet တစ်ပုဒ် ဆိုနေပါတယ်။ K.Will ကိုတော့ MC Mong နဲ့ ဆိုတဲ့ "Love 119" မှာတော့ ကြိုက်ပါတယ်။ Tiffany နဲ့ Single ကိုတော့ "Young Girl Meet Love" လို့နာမည်ပေးထားပါတယ်။ Tiffany က "သူသီချင်းစဆိုတဲ့ အချိန်ကစပြီး SNSD ထဲက မဟုတ်တဲ့လူတစ်ယောက်နဲ့ ပထမဆုံး တွဲဆိုဘူးတာပါတဲ့။ K.Will လို သီချင်းဆိုအရမ်းကောင်းတဲ့လူနဲ့ တွဲဆိုရလို့လည်း ဝမ်းသာပါတယ်တဲ့။ ဒီသီချင်းက ပရိသတ်ရဲ့ အချစ်တွေအများကြီးရဖို့ကိုလည်းမျှော်လင့်ပါတယ်" လို့ပြောပါတယ်။ K.Will ကလည်း "Tiffany နဲ့တွဲဆိုရလို့ ဝမ်းသာပါတယ်တဲ့။ ဘာလို့လည်းဆိုတော့သူက Girls' Generation နဲ့ Tiffany ကိုကြိုက်လို့ပါ" လို့လည်းပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Duet Single ကိုတော့ March လ 31 ရက်နေ့မှာတရားဝင်ဖြန့်မှာပါ။
ဒါကတော့အကြိုခံစားလို့ရအောင်ပေါ့။ :D
Credits: PopSeoul, AllKpop, Youtube
Labels: Girls' Generation, K.Will, SNSD, Tiffany
Posted by Wai Lwin Zaw at 8:36 PM 0 comments

