Thursday, April 30, 2009

Only Love

SM Town ရဲ့ 2007 Winter Album ထဲက သီချင်းဟောင်းလေး တစ်ပုဒ်ပါ။ သီချင်းနာမည်က Only Love ပါ။ DBSK, BoA, Super Junior, SNSD, CSJH The Grace, Jang Ri In, Kangta, Isak စတဲ့ SM ရဲ့ Artists တွေ အကုန်လုံးနီးပါး ပါ ပါတယ်။



Credits: everlastingfriends

Sorry Sorry



Super Junior ရဲ့ Sorry Sorry ပါ။ ဒီသီချင်းရဲ့ Chorus အပိုဒ် က Britney Spears ရဲ့ Womanizer ကို Copy လုပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Credits: AllKpop, CodeAnalysis

Sunday, April 26, 2009

Saturday Night's Music Core Stage



အခုတလော Hit ဖြစ်နေတဲ့ Son Dambi ရဲ့ Saturday Night ပါ။ လက်ရှိအချိန်မှာ Saturday Night ဟာ Mnet Countdown၊ KBS Music Bank(နှစ်ကြိမ်) နဲ့ SBS Inkigayo(နှစ်ကြိမ်) တို့မှာ ငါးကြိမ်တိတိ ပထမနေရာ ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Cry Eyes နဲ့ Crazy တို့ဟာလည်း Hit Songs တွေဖြစ်ခဲ့ပေမဲ့ Music Bank မှာတော့ ပထမနေရာမရခဲ့ဖူးပါဘူး။ ဒီ Stage ကတော့ MBC Music Core က Stage ပါ။ Son Dambi နဲ့ အတူ Music Core ရဲ့ MC တွေဖြစ်တဲ့ Tiffany(SNSD) နဲ့ Yuri(SNSD) တို့လည်း ပါဝင်အားဖြည့်ထားပါတယ်။

Thursday, April 23, 2009

Without You

1TYM အဖွဲ့က Tae Bin(Danny) ရဲ့ R & B သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းဟောင်းလေးပါ။ MV မှာ Tae Bin နဲ့ အတူ Park Han Byul က သရုပ်ဆောင်ပေးထားပါတယ်။



1 TYM - Without You(mp3) Download

Credits:YG Entertainment

Monday, April 20, 2009

Tiffany Solo Performance

ဒါကတော့ SNSD's Tiffany ရဲ့ Solo Performance ပါ။ SNSD တွေကတော့ ဘယ်သူပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းနေတာပဲ။ :) Tiffany ကတော့ ပထမဆုံး Solo Stage ဖြစ်လို့ထင်တယ် နည်းနည်း စိတ်လှုပ်ရှားနေပုံပဲ။ ဒါပေမဲ့လည်း အကောင်းဆုံး သီဆိုသွားနိုင်တာကိုတွေ့ရပါတယ်။ Fany Fighting!



Credits: thicindy

Friday, April 10, 2009

Girls' Generation in Pattaya


Girls' Generation ရဲ့ Pattaya International Music Festival သွားခဲ့တုန်းက ဓာတ်ပုံတွေပါ။ YoonA ကတော့ Kwon Sang Woo(Stairway to Heaven)၊ Han Eun Jeong(Full House) တို့နဲ့ Cinderella Man ဆိုတဲ့ drama ရိုက်နေလို့ ဒီခရီးစဉ်မှာ မပါနိုင်ခဲ့ပါဘူး။ သူတို့ကိုကြည့်ပြီး ကိုယ်တောင် Pattaya သွားချင်လာပြီ။
 
  
  
  
  
  
  
  
  
  
  
 

Credits: AllKpop

I did it for Love


BoA ရဲ့ US Album က Single သီချင်း I did it for Love ပါ။ လူမည်းအဆိုတော် Sean Garrett က Featuring ဆိုပေးထားပါတယ်။



BoA Feat Sean Garrett "I did it for Love" - Download

Wednesday, April 8, 2009

Sandara Park's Shocking Photos


ဒါကတော့ 2NE1 က Sandara Park ရဲ့ ဓာတ်ပုံ တွေပါ။ Lollipop ရဲ့အောင်မြင်မှုကြောင့် လူတွေအာရုံစိုက်ခံနေရချိန်မှာ Sandara ရဲ့ အတိတ်က ဓာတ်ပုံ တွေ website တစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီဓာတ်ပုံတွေဟာ သူ ဖိလစ်ပိုင် မှာ မင်းသမီး လုပ်ခဲ့တုန်းက Men Magazine တစ်ခုအတွက် ရိုက်ပေးခဲ့တာပါ။

More Photos of Sandara Park

Credits: allkpop

Tuesday, April 7, 2009

Saturday Night

 

ဒါကတော့ Female Rain လို့နာမည်ကြီးတဲ့ Son Dambi ရဲ့ Saturday Night MV ပါ။ 2008 September က ထွက်ခဲ့တဲ့ သူ့ရဲ့ Crazy MV ထဲက Chair Dance ဟာလည်း နာမည်ကြီးခဲ့ပါတယ်။ Single ဆိုတဲ့သူတွေထဲမှာ BoA ပြီးရင် သူ့ကိုအကြိုက်ဆုံးပါပဲ။ ဒီ MV ကတော့ Crazy ကို မမီဘူးလို့ထင်ပါတယ်။
Credits: YouTube

Saturday, April 4, 2009

Baby V.O.X Vs Jenny





တစ်နေ့က YouTube ကိုမွှေရင်းနဲ့ တွေ့ခဲ့တာပါ။ Jenny က Baby V.O.X ရဲ့ Oo Yun ကို ပြန်ဆိုထားတာပါ။ တော်တော်လေးစိတ်ပျက်ဖို့ကောင်းပါတယ်။ Jenny ရဲ့ အသံနဲ့ဒီသီချင်းနဲ့ ဘယ်လိုမှမလိုက်ပါဘူး။ ပိုဆိုးတာက ဘယ်လို က နေမှန်းမသိတာပဲ။ ကြက်ဖ ခွပ်နေသလားမှတ်ရတယ်။ Version နှစ်မျိုးလုံး တင်ပေးလိုက်ပါတယ်။

Friday, April 3, 2009

Lollipop MV



ဒါကတော့ Big Bang နဲ့ 2NE1 ရဲ့ Lollipop MV ပါ။ ဒီ Single ဟာ လက်ရှိအချိန်မှာ Mnet တို့ Cyworld တို့က Music chart တွေမှာ No.1 နေရာမှာရှိနေတယ်လို့ သိရပါတယ်။ သီချင်းကကောင်းပေမဲ့ MV ကတော့ နည်းနည်း ကြောင်တောင်တောင် နိုင်သလားလို့။ အဓိက ကတော့ သူတို့ရဲ့ အဝတ်အစား Design တွေကြောင့် ဖြစ်ပါတယ်။ (Power Rangers တွေကြည့်နေရသလိုပဲ။ :D)

P.S: 2NE1 ကို အစက 21 လို့ နာမည်ပေးထားခဲ့တာပါ။ အဓိပ္ပာယ်ကတော့ To Anyone ပါတဲ့။ ဒါပေမဲ့ To Anyone ဆိုတဲ့ Boy Band တစ်ခုရှိခဲ့ဘူးတာကြောင့် 2NE1 လို့ပြန်ပြောင်းခဲ့တာပါ။ 21st Century New Evolution လို့ အဓိပ္ပာယ် ရပါတယ်။

Credits: YGWorld

Thursday, April 2, 2009

SNSD's Goodbye Stage



"Gee" Promotion ရပ်နားလိုက်ပြီဖြစ်တဲ့ Girls' Generation ရဲ့ MBC Music Core က Goodbye Stage ပါ။ ဒီ Stage ဟာ SNSD ရဲ့ Goodbye Stage ဖြစ်ရုံသာမကပဲ ဒီအစီအစဉ်ကို ဆယ်လတိုင်တိုင် တင်ဆက်ခဲ့ကြတဲ့ MC တွေဖြစ်တဲ့ Seung Ri(Big Bang)Dae Sung(Big Bang) နဲ့ Solbi တို့ရဲ့ နောက်ဆုံး တင်ဆက်မှုလည်းဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့နေရာကို Tiffany(SNSD) နဲ့ Yuri(SNSD) ကဆက်ပြီး တာဝန်ယူတင်ဆက်သွားမှာ ဖြစ်ပါတယ်။

Credits: AllKpop, YouTube

Wednesday, April 1, 2009

Old School K-pop


ဒါကတော့ 2000 ခုနှစ် ဝန်းကျင်က အရမ်းအောင်မြင်ခဲ့တဲ့ S.E.S ရဲ့ သီချင်းလေးတစ်ပုဒ်ပါ။ S.E.S မှာ အဖွဲ့ဝင် သုံးယောက် ပါဝင်ပါတယ်။ Sea(Bada), Eugene နဲ့ Shoo တို့ဖြစ်ပါတယ်။ သူတို့အဖွဲ့ကို 2002 ခုနှစ်မှာဖျက်သိမ်းခဲ့ပါတယ်။ S.E.S အဖွဲ့ဖျက်သိမ်းပြီးတဲ့နောက်မှာ Sea(Bada) က တစ်ယောက်တည်း သီချင်းဆက်ဆိုပြီး အောင်မြင်ခဲ့သလို Eugene ကလည်း Drama ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ Eugene ရဲ့ "Really Really Like You"၊ "Save The Last Dance For Me"၊ "Wonderful Life"၊ "One Mom and Three Dads" စတဲ့ Drama ဇာတ်ကားတွေဟာ လူကြိုက်များခဲ့ပါတယ်။ သူတို့ရဲ့ "Dreams Come True" ဆိုတဲ့ သီချင်းလေးကို တင်ပေးလိုက်ပါတယ်။



Credits: YouTube


Free Blogspot Templates by Isnaini Dot Com and Exotic Car Pictures.