Saturday, December 27, 2008

စင်ကာပူမှဘောလုံးလူရမ်းကားများ

ပြီးခဲ့တဲ့ Sunday က Singapore နိုင်ငံ, Kallang Stadium မှာကျင်းပခဲ့တဲ့ AFF Suzuki Cup Semi Final ဒုတိယအကျော့ ပွဲစဉ်အပြီးမှာ Singaporean Fan တွေက Vietnamese Fan တွေကို တိုက်ခိုက်ခဲ့ပါတယ်။ မျက်မြင်တချို့ ရဲ့ အဆိုအရ Vietnamese Fan အတော်များများ မျက်နှာနဲ့ တခြားနေရာတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သူတို့ကိုတိုက်ခိုက်ခဲ့သူတွေကတော့ အိမ်ကိုအေးအေးဆေးဆေးပဲပြန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အဖမ်းအဆီးလုံးဝ မရှိခဲ့ပါဘူး။ ဒီပွဲမှာ Vietnam က Singapore ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ အတွက် ဒီလိုသောင်းကျန်းခဲ့ကြတာပါ။ ပွဲအတွင်းမှာ Vietnam ကစားသမားတစ်ယောက် အနီကတ်နဲ့အထုတ်ခံခဲ့ရပေမဲ့ Vietnam ဂိုးသမားကို အသားလွတ်ကန်တဲ့ Indra ကိုတော့ အဝါကတ်ပဲပြခဲ့ပါတယ်။ Singapore ဟာသူ့အိမ်ကွင်းမှာကစားတိုင်း အသာစီးရခဲ့တာကြာပါပြီ။ 2004 Tiger Cup Semi Final မှာ မြန်မာနဲ့ 2006 Tiger Cup Final မှာ ယိုးဒယား ကို ဒိုင်အကူအညီနဲ့ အနိုင်ရခဲ့တာပါ။ Singapore ရဲ့ နာမည်ကြီး သတင်းစာ "The Straits Times" ရဲ့ ဆောင်းပါးရှင်က ဘောလုံးလူရမ်းကားတွေကို ဘယ်လိုအရေးယူမလဲလို့ မေးထားပေမဲ့လည်း ခုချိန်အထိ အရေးယူမှု တစုံတရာ မရှိသေးပါဘူး။

BoA two places behind Britney Spears


2009 ခုနှစ် January လအတွက်ထုတ်ပြန်ခဲ့တဲ့ Billboard Dance Chart မှာ BoA ရဲ့ပထမဆုံး English Single "Eat You Up" ဟာ နံပါတ် 15 နေရာကိုရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့အထက်မှာ Christina Aguilera ရဲ့ “Keep gettin better” ရှိနေပြီး No.13 မှာတော့ Britney Spears ရဲ့ “Womanizer” ရှိနေပါတယ်။ Korean Wave ဟာ Hollywood ကိုပါထိုးဖောက်နိုင်ခဲ့ပြီလား?

So Poor Blogger

Blog တော့လုပ်ပြီးပြီ။ စရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိဘူး။ ကဗျာတွေ စာတွေရေးဖို့ကြတော့လည်း ကောင်းကောင်းမရေးတတ်။ နည်းပညာပိုင်းတွေရေးဖို့ကျတော့လဲ နားမလည်။ စဉ်းစားတာတင် တော်တော်ကြာနေပြီ။ နောက်ဆုံးဘယ်ဟာမှဟုတ်တိပက်တိမသိတော့ ရောသမမွှေပြီးပဲရေးရတော့မယ်။ Media သဘောမျိုးရေးရင်ကောင်းမယ်ထင်တယ်။ စမ်းရေးကြည့်တာပေါ့.... နော်။

Testing

စမ်းသပ်ခြင်း


Free Blogspot Templates by Isnaini Dot Com and Exotic Car Pictures.