Monday, March 30, 2009

My Tears Are Dropping

K.Will ကတော့ Girls' Generation ကိုတော်တော်သဘောကျနေပုံပဲ။ Tiffany နဲ့ Duet ဆိုပြီးတော့ ခု Yuri နဲ့ MV ရိုက်လိုက်ပြန်ပြီ။ Yuri က ဒီ MV မှာ မြင်နေကြပုံစံမျိုးမဟုတ်ပဲ Style ပြောင်းထားတာကိုလည်း တွေ့ရပါတယ်။ (ပိုလှလာသလိုပဲ။) MV ကတော့ နည်းနည်းပျင်းဖို့ကောင်းသလားလို့။



Credits: AllKpop, YouTube

A Girl Meets Love

ဒါကတော့ ရှေ့မှာတင်ခဲ့တဲ့ K.Will နဲ့ Tiffany ရဲ့ "A Girl Meets Love" ပါ။ MV ကတော့မထွက်သေးလို့ မတင်ပေးနိုင်သေးပါဘူး။

K.Will Feat Tiffany - A Girl Meets Love

Download

CSJH The Grace


The Grace အဖွဲ့ဟာ SM Entertainment က 2005 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Girl Band တစ်ခုဖြစ်ပါတယ်။ S.E.S အဖွဲ့ကို 2002 ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း SM ဟာ M.I.L.K.Isak N Jiyeon(Isak ဆိုတာ Arirang TV ရဲ့ Pop In Seoul အစီအစဉ်တင်ဆက်သူ VJ Isak ပါ) နဲ့ Shinvi စတဲ့ အဖွဲ့တွေဖွဲ့ပြီး S.E.S လို အောင်မြင်မှုမျိုးရဖို့ကြိုးစားခဲ့ပေမဲ့ အဲဒီအဖွဲ့တွေက မအောင်မြင်ခဲ့ပါဘူး။ 2004 Summer Vacation in SM TOWN ဆိုတဲ့ Album မှာ Dana ရဲ့ Solo Song "Fight To The End" ကို Dana နဲ့ပေါင်းပြီး Jiyeon(Isak N Jiyeon) ရယ်၊ Sunday ရယ်၊ Stephanie ရယ် ပေါင်းပြီးပြန်ဆိုခဲ့တာက CSJH The Grace ရဲ့ အစ ဖြစ်လာခဲ့ပါတယ်။ CSJH ဟာ Korea မှာတင်မကပဲ တရုတ်နဲ့ Asia နိုင်ငံတော်တော်များများမှာ အောင်မြင်မှုရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ CSJH The Grace ဟာ Korean Album တစ်ခု၊ Japanese Album နှစ်ခု ထွက်ရှိပြီးဖြစ်ပါတယ်။

CSJH Members

1. Lina (Jiyeon)
2. Dana
3. Sunday
4. Stephanie

ဒါကတော့ CSJH ရဲ့ My Everything Korean Version ပါ။


Credits: Wikipedia

Sunday, March 29, 2009

Davichi - 8282


Music Bank K-Chart မှာ SNSD ရဲ့ ကိုးပါတ်ဆက်တိုက် No.1 နေရာကို အဆုံးသတ်ခဲ့တဲ့ Davichi ရဲ့ 8282 ပါ။ (အဲဒီအချိန်က SNSD က Pattaya International Music Festival ရောက်နေလို့ အခွင့်အရေးရသွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ :D) သီချင်းကောင်းလေး တစ်ပုဒ်ပါ။ Davichi နှစ်ယောက်လုံး အဆိုကောင်းတာလည်း ပါ ပါတယ်။




Davichi "8282" - Download

Credits: AllKpop

Jewelry S - Date


Jewelry အဖွဲ့ ရဲ့ အဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ Jewelry S အဖွဲ့ရဲ့ Single ပါ။ အဖွဲ့ဝင်တွေက Baby J နဲ့ Kim Eun Jeong တို့ဖြစ်ပါတယ်။ သူတို့ရဲ့ MV လေးကလည်း ချစ်ဖို့ကောင်းပါတယ်။



Jewelry S "Date" MV(HD) -  Download

Credits: PopSeoul, YouTube

Saturday, March 28, 2009

Zhang Li Yin(Jang Ri In)



ဒီတစ်ယောက်ကတော့ K-pop Industry မှာ နည်းနည်းထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ သူက ကိုရီးယားလူမျိုးမဟုတ်လို့ပါ။ Zhang Li Yin ဟာ တရုတ်နိုင်ငံ Sichuan ပြည်နယ် ဇာတိ ဖြစ်ပါတယ်။ သူ့အသက် ကိုးနှစ် အရွယ်မှာ Celine Dion ရဲ့ My Heart Will Go On ကို ကောင်းကောင်းဆိုနိုင်နေပါပြီ။ သူ့ကို SM Entertainment ရဲ့ Beijing Partner တွေက တွေ့ရှိခဲ့တာပါ။ သူ့အသက် တစ်ဆယ့်လေးနှစ် အရွယ် 2003 ခုနှစ်မှာ ကိုရီးယား ကိုပြောင်းရွှေ့ခဲ့ပြီး SM Entertainment လက်အောက်မှာ Training စဆင်းခဲ့ပါတယ်။

2006 ခုနှစ် September မှာ DBSK က Xiah Jun Su နဲ့တွဲပြီး Timeless ဆိုတဲ့ Single စထွက်ခဲ့ပါတယ်။ အပိုင်း နှစ်ပိုင်းပါတဲ့ Timeless MV မှာ Lee Yeon Hee၊ Super Junior က Han Geng နဲ့ Si Won တို့ပါဝင်သရုပ်ဆောင်ထားကြပြီး Melon's Video Chart မှာ လေးပါတ် ဆက်တိုက် No.1 နေရာရခဲ့ပါတယ်။ သူရဲ့ Second Single "Y(Why)" ကတော့ 2007 ခုနှစ် အစောပိုင်းမှာ ထွက်ခဲ့တာပါ။ 2008 March မှာတော့ သူ့ရဲ့ ပထမဆုံး Mandarin Album "I Will" စထွက်ခဲ့ပါတယ်။ ဒီ Album ထွက်အပြီးမှာ Taiwan က နာမည်ကြီး အဆိုတော် Wang Lee Hom က အသက် တစ်ဆယ့်ကိုးနှစ် အရွယ်နဲ့ ဒီလောက်အသံအားကောင်းတာ အံ့ဩဖို့ကောင်းပါတယ် လို့ချီးကျူးခဲ့ပါတယ်။

Zhang Yi Lin ရဲ့ ကိုရီးယားနာမည်က Jang Ri In လို့ခေါ်ပါတယ်။

ဒါကတော့ Zhang Yi Lin နဲ့ Jun Su တို့ရဲ့ Timeless MV Part 1 နဲ့ Part 2 ပါ။





Credits: Wikipedia, YouTube

Lollipop



ဒါကတော့ ရှေ့မှာတင်ခဲ့တဲ့ YG ရဲ့ Girl Band အသစ် 2NE1 နဲ့ Big Bang တို့ Duet ဆိုထားကြတာပါ။ T.O.P နဲ့ CL တို့ရဲ့ Rapping အပိုင်းကို သဘောကျပါတယ်။ နားထောင်လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ။


Lollipop - 빅뱅, 21

Credits: PopSeoul

Kim So Eun


Boys Over Flowers ထဲမှာ Jandi ရဲ့ သူငယ်ချင်း Gaeul အဖြစ် သရုပ်ဆောင်ထားတဲ့ ကောင်မလေးပါ။ သူ့နာမည်က Kim So Eun ပါ။ သူ့ကို BOF ထဲမှာ မင်းသမီး Goo Hye Sun ထက်ပိုကြိုက်ပါတယ်။ အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ Empress Chun Chu ဇာတ်ကားထဲမှာလည်း Empress Chun Chu(အငယ်) အဖြစ်သရုပ်ဆောင်ထားပါသေးတယ်။

ဒါကတော့ Kim So Eun နဲ့ SNSD's YoonA တို့ရဲ့ Clean & Clear CF ကြော်ငြာပါ။


Credits: AllKpop, YouTube

Friday, March 27, 2009

Tiffany Duet With K.Will


Girls' Generation က "Gee" promotion နားတော့မယ်ဆိုတော့ Single တွေစတော့မယ်နဲ့တူတယ်။ ပထမဆုံး အဖွဲ့ခေါင်းဆောင် Tae Yeon က "Beethoven Virus" ရဲ့ O.S.T "Can You Hear Me" နဲ့ Single စဆိုခဲ့ပါတယ်။ (အဲဒီကားလည်း ကြည့်မယ် ကြည့်မယ်နဲ့ အခုထိမကြည့်ဖြစ်သေးဘူး။ အမှန်ကတော့ ကြည့်ချင်တဲ့ကားတွေကများနေတာ။ YoonA ရဲ့ "You Are My Destiny" လည်းကြည့်ချင်တယ်။ Tae Yeon ရဲ့ "We Got Married" လည်းကြည့်ချင်တယ်။ Kim So Eun ပါတဲ့ "Boys Over Flowers" နဲ့ "Empress Chun Chu" လည်းကြည့်ချင်သေးတာ။ :D) နောက်တော့ Tiffany က “Princess Ja Myung Go” ရဲ့ O.S.T "Alone" Single ဆိုပါတယ်။ ခုလည်း Tiffany က K.Will နဲ့တွဲပြီး Duet တစ်ပုဒ် ဆိုနေပါတယ်။ K.Will ကိုတော့ MC Mong နဲ့ ဆိုတဲ့ "Love 119" မှာတော့ ကြိုက်ပါတယ်။ Tiffany နဲ့ Single ကိုတော့ "Young Girl Meet Love" လို့နာမည်ပေးထားပါတယ်။ Tiffany က "သူသီချင်းစဆိုတဲ့ အချိန်ကစပြီး SNSD ထဲက မဟုတ်တဲ့လူတစ်ယောက်နဲ့ ပထမဆုံး တွဲဆိုဘူးတာပါတဲ့။ K.Will လို သီချင်းဆိုအရမ်းကောင်းတဲ့လူနဲ့ တွဲဆိုရလို့လည်း ဝမ်းသာပါတယ်တဲ့။ ဒီသီချင်းက ပရိသတ်ရဲ့ အချစ်တွေအများကြီးရဖို့ကိုလည်းမျှော်လင့်ပါတယ်" လို့ပြောပါတယ်။ K.Will ကလည်း "Tiffany နဲ့တွဲဆိုရလို့ ဝမ်းသာပါတယ်တဲ့။ ဘာလို့လည်းဆိုတော့သူက Girls' Generation နဲ့ Tiffany ကိုကြိုက်လို့ပါ" လို့လည်းပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Duet Single ကိုတော့ March လ 31 ရက်နေ့မှာတရားဝင်ဖြန့်မှာပါ။

ဒါကတော့အကြိုခံစားလို့ရအောင်ပေါ့။ :D



Credits: PopSeoul, AllKpop, Youtube

Thursday, March 26, 2009

YG's New Girl Band




YG Entertainment ရဲ့ Girl Band အသစ်ဟာ ပွဲဦးထွက် Single အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူတို့အဖွဲ့ကို တရားဝင်နာမည်တော့မပေးရသေးပါဘူး။ April မှာထွက်မဲ့ သူတို့ရဲ့ Single ကိုတော့ "Lollipop" လို့နာမည်ပေးထားပါတယ်။ သူတို့အဖွဲ့မှာ အဖွဲ့ဝင်လေးယောက်(Sandara Park, Park Bom, Gong Min Ji, CL) ပါဝင်ပါတယ်။ သူတို့ Producer က Big Bang က G-Dragon ပါ။ သူတို့ထဲက Philippines သူ Sandra Park ကိုတော့ Gummy ရဲ့ MV မှာ T.O.P နဲ့တွဲပြီးသရုပ်ဆောင်တာမြင်ဘူးတယ်။ CL ကိုတော့ YMGA ရဲ့ "What" မှာ Rap ဆိုတာအရမ်းသဘောကျတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မသိဘူး။ Yan Goon ကတော့ Lee Suman ရဲ့ Girls' Generation တို့ Park Jin Young ရဲ့ Wonder Girls တို့ကို အားကျနေပုံပဲ။ :D
ဒါပေမဲ့ လက်ရှိအချိန်မှာ Girls' Generation က အရမ်းအောင်မြင်နေတော့ သူတို့ကိုမီဖို့ ဆိုရင်တော့ အတော်ကိုကြိုးစားရပါလိမ့်မယ်။ Yan Goon ရဲ့ Girl Band အသစ် အောင်မြင်မလား? စောင့်ကြည့်ရမှာပါ။

Update:သူတို့အဖွဲ့နာမည်က "21" ပါတဲ့။

**အဖွဲ့နာမည်ကို "2NE1" လို့ထပ်ပြောင်းလိုက်ပါပြီ။

Credits: allkpop.com, popseoul.com


Free Blogspot Templates by Isnaini Dot Com and Exotic Car Pictures.