Friday, March 27, 2009

Tiffany Duet With K.Will


Girls' Generation က "Gee" promotion နားတော့မယ်ဆိုတော့ Single တွေစတော့မယ်နဲ့တူတယ်။ ပထမဆုံး အဖွဲ့ခေါင်းဆောင် Tae Yeon က "Beethoven Virus" ရဲ့ O.S.T "Can You Hear Me" နဲ့ Single စဆိုခဲ့ပါတယ်။ (အဲဒီကားလည်း ကြည့်မယ် ကြည့်မယ်နဲ့ အခုထိမကြည့်ဖြစ်သေးဘူး။ အမှန်ကတော့ ကြည့်ချင်တဲ့ကားတွေကများနေတာ။ YoonA ရဲ့ "You Are My Destiny" လည်းကြည့်ချင်တယ်။ Tae Yeon ရဲ့ "We Got Married" လည်းကြည့်ချင်တယ်။ Kim So Eun ပါတဲ့ "Boys Over Flowers" နဲ့ "Empress Chun Chu" လည်းကြည့်ချင်သေးတာ။ :D) နောက်တော့ Tiffany က “Princess Ja Myung Go” ရဲ့ O.S.T "Alone" Single ဆိုပါတယ်။ ခုလည်း Tiffany က K.Will နဲ့တွဲပြီး Duet တစ်ပုဒ် ဆိုနေပါတယ်။ K.Will ကိုတော့ MC Mong နဲ့ ဆိုတဲ့ "Love 119" မှာတော့ ကြိုက်ပါတယ်။ Tiffany နဲ့ Single ကိုတော့ "Young Girl Meet Love" လို့နာမည်ပေးထားပါတယ်။ Tiffany က "သူသီချင်းစဆိုတဲ့ အချိန်ကစပြီး SNSD ထဲက မဟုတ်တဲ့လူတစ်ယောက်နဲ့ ပထမဆုံး တွဲဆိုဘူးတာပါတဲ့။ K.Will လို သီချင်းဆိုအရမ်းကောင်းတဲ့လူနဲ့ တွဲဆိုရလို့လည်း ဝမ်းသာပါတယ်တဲ့။ ဒီသီချင်းက ပရိသတ်ရဲ့ အချစ်တွေအများကြီးရဖို့ကိုလည်းမျှော်လင့်ပါတယ်" လို့ပြောပါတယ်။ K.Will ကလည်း "Tiffany နဲ့တွဲဆိုရလို့ ဝမ်းသာပါတယ်တဲ့။ ဘာလို့လည်းဆိုတော့သူက Girls' Generation နဲ့ Tiffany ကိုကြိုက်လို့ပါ" လို့လည်းပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Duet Single ကိုတော့ March လ 31 ရက်နေ့မှာတရားဝင်ဖြန့်မှာပါ။

ဒါကတော့အကြိုခံစားလို့ရအောင်ပေါ့။ :D



Credits: PopSeoul, AllKpop, Youtube

0 comments:


Free Blogspot Templates by Isnaini Dot Com and Exotic Car Pictures.