SM Town ရဲ့ 2007 Winter Album ထဲက သီချင်းဟောင်းလေး တစ်ပုဒ်ပါ။ သီချင်းနာမည်က Only Love ပါ။ DBSK, BoA, Super Junior, SNSD, CSJH The Grace, Jang Ri In, Kangta, Isak စတဲ့ SM ရဲ့ Artists တွေ အကုန်လုံးနီးပါး ပါ ပါတယ်။
Credits: everlastingfriends
Thursday, April 30, 2009
Only Love
Labels: CSJH The Grace, DBSK, Isak, Kangta, SM Town, SNSD, Super Junior, Zhang Li Yin
Posted by Wai Lwin Zaw at 7:34 AM 0 comments
Saturday, March 28, 2009
Zhang Li Yin(Jang Ri In)
ဒီတစ်ယောက်ကတော့ K-pop Industry မှာ နည်းနည်းထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ သူက ကိုရီးယားလူမျိုးမဟုတ်လို့ပါ။ Zhang Li Yin ဟာ တရုတ်နိုင်ငံ Sichuan ပြည်နယ် ဇာတိ ဖြစ်ပါတယ်။ သူ့အသက် ကိုးနှစ် အရွယ်မှာ Celine Dion ရဲ့ My Heart Will Go On ကို ကောင်းကောင်းဆိုနိုင်နေပါပြီ။ သူ့ကို SM Entertainment ရဲ့ Beijing Partner တွေက တွေ့ရှိခဲ့တာပါ။ သူ့အသက် တစ်ဆယ့်လေးနှစ် အရွယ် 2003 ခုနှစ်မှာ ကိုရီးယား ကိုပြောင်းရွှေ့ခဲ့ပြီး SM Entertainment လက်အောက်မှာ Training စဆင်းခဲ့ပါတယ်။
2006 ခုနှစ် September မှာ DBSK က Xiah Jun Su နဲ့တွဲပြီး Timeless ဆိုတဲ့ Single စထွက်ခဲ့ပါတယ်။ အပိုင်း နှစ်ပိုင်းပါတဲ့ Timeless MV မှာ Lee Yeon Hee၊ Super Junior က Han Geng နဲ့ Si Won တို့ပါဝင်သရုပ်ဆောင်ထားကြပြီး Melon's Video Chart မှာ လေးပါတ် ဆက်တိုက် No.1 နေရာရခဲ့ပါတယ်။ သူရဲ့ Second Single "Y(Why)" ကတော့ 2007 ခုနှစ် အစောပိုင်းမှာ ထွက်ခဲ့တာပါ။ 2008 March မှာတော့ သူ့ရဲ့ ပထမဆုံး Mandarin Album "I Will" စထွက်ခဲ့ပါတယ်။ ဒီ Album ထွက်အပြီးမှာ Taiwan က နာမည်ကြီး အဆိုတော် Wang Lee Hom က အသက် တစ်ဆယ့်ကိုးနှစ် အရွယ်နဲ့ ဒီလောက်အသံအားကောင်းတာ အံ့ဩဖို့ကောင်းပါတယ် လို့ချီးကျူးခဲ့ပါတယ်။
Zhang Yi Lin ရဲ့ ကိုရီးယားနာမည်က Jang Ri In လို့ခေါ်ပါတယ်။
ဒါကတော့ Zhang Yi Lin နဲ့ Jun Su တို့ရဲ့ Timeless MV Part 1 နဲ့ Part 2 ပါ။
Credits: Wikipedia, YouTube
Labels: Zhang Li Yin
Posted by Wai Lwin Zaw at 6:41 AM 0 comments