Friday, April 3, 2009

Lollipop MV



ဒါကတော့ Big Bang နဲ့ 2NE1 ရဲ့ Lollipop MV ပါ။ ဒီ Single ဟာ လက်ရှိအချိန်မှာ Mnet တို့ Cyworld တို့က Music chart တွေမှာ No.1 နေရာမှာရှိနေတယ်လို့ သိရပါတယ်။ သီချင်းကကောင်းပေမဲ့ MV ကတော့ နည်းနည်း ကြောင်တောင်တောင် နိုင်သလားလို့။ အဓိက ကတော့ သူတို့ရဲ့ အဝတ်အစား Design တွေကြောင့် ဖြစ်ပါတယ်။ (Power Rangers တွေကြည့်နေရသလိုပဲ။ :D)

P.S: 2NE1 ကို အစက 21 လို့ နာမည်ပေးထားခဲ့တာပါ။ အဓိပ္ပာယ်ကတော့ To Anyone ပါတဲ့။ ဒါပေမဲ့ To Anyone ဆိုတဲ့ Boy Band တစ်ခုရှိခဲ့ဘူးတာကြောင့် 2NE1 လို့ပြန်ပြောင်းခဲ့တာပါ။ 21st Century New Evolution လို့ အဓိပ္ပာယ် ရပါတယ်။

Credits: YGWorld

0 comments:


Free Blogspot Templates by Isnaini Dot Com and Exotic Car Pictures.